ရဲကိုမုန်းသောသူများထံသို့ ပေးစာ
ကျွှန်တော်မရေးဘူးစဉ်းစားခဲ့ပါတယ် ဒါပေမယ့်
အတိုင်းထက်အလွန်ဖြစ်လာလို့
ရေးလိုက်ပါတယ်
မှားသွားတာရှိရင်ခွင့်လွှတ်ပေးကြပါနော်
ရဲမင်းသား
သို့
မိတ်ဆွေ
သင်ပြောပါ
သင်ပြောလိုက်တဲ့စကားတခွန်းက
သင်ရဲ့အဆင့်အတန်းကိုဖော်ပြလိုက်တာသင်သိရဲ့လား
သင်သာ ကျုပ်တို့ရဲတပ်ဖွဲ့ဝင်တွေနေရာမှာဆို
သင်ဘာလုပ်မှာလဲ မေးပါရစေနော်.......
၁။ ကျုပ်တို့တပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံးခဲ့တာက
ပြည်သူတွေအတွက် သေခဲ့တာမို့
ကျုပ်တို့တပ်ဖွဲ့ဝင်အတွက် ငိုပေးမဲ့ပြည်သူရှိတယ်
ကျုပ်တို့တပ်ဖွဲ့ဝင်အတွက် ဂုဏ်ပြုပေးမဲ့သူရှိတယ်
မိတ်ဆွေသာသေခဲ့ရင်
မိတ်ဆွေမိသားစုကလွဲလို့ ငိုပေးမဲ့ပြည်သူရှိရဲ့လား
ဂုဏ်ပြုပေးမဲ့ သူရောရှိမလားဆိုတာ
မေးပါရစေနော် မိတ်ဆွေ....
၂။ မိတ်ဆွေပြောပါတယ်
ကျုပ်တို့ကလာဘ်စားတယ်ဟုတ်လား
တခုတော့ပြောမယ်နော်
အဖွဲ့အစည်းတိုင်း အသင်းတိုင်း နေရာတိုင်းမှာ
ဆိုးတဲ့သူရှိမရှိဆိုတာ
ပညာတတ်ဦးနှောက်နဲ့စဉ်းစားစမ်းပါ
လောကမှာဆီကိုင်တဲ့လက်က ဆီပေပါတယ်
မိတ်ဆွေရဲ့အဖွဲ့အစည်းမှာရော
မိတ်ဆွေအမြဲတမ်းမှန်ကန်နေခဲ့လားဆိုတာ
ကိုယ့်ကိုကိုမှန်ထဲမှာပြန်မေးကြည့်ပါဦးနော်....
၃။ ဘာတဲ့
မိတ်ဆွေပြောပါတယ်
တရားခံကိုခွေးလိုနွားလိုဖမ်းတယ်ဟုတ်လား
အဲဒီ့တရားခံကဘယ်လိုတရားခံလဲသင်သိရဲ့လား
ပြည်သူ့ဝန်ထမ်းကိုသတ်
ကယ်ရီသမားကိုဓားနဲ့ထောက်ပြေးခဲ့တဲ့လူဆိုတာ
သင်သိပါရဲ့လား
အဲ့ဒီနေရာမှာမိတ်ဆွေသာဆိုရင်
ဘယ်လိုဖမ်းမှာလဲ
ပုခုံးဖတ်ပြီးခေါ်သွားမှာလား
စဉ်းစားကြည့်ပါမိတ်ဆွေ...
၎။ မိတ်ဆွေသေသွားခဲ့လို့
မိတ်ဆွေမိသားစု ကြေကွဲနေချိန်မှာ
တခြားသူတွေဆဲနေခဲ့ရင်
တခြားသူတွေကသင့်ကိုမကောင်းပြောရင်
သင့်မိသားစုဘယ်လိုခံစားရမလဲ
သင်စဉ်းစားပါမိတ်ဆွေ
မကူညီရင်နေပါ အပြစ်မပြောပါဘူး
အနှောင့်အယှက်တော့မပေးပါနဲ့နော်
မိတ်ဆွေက
လူတစ်ယောက်မဟုတ်ဘူးလား
လူဆိုရင် လူလိုတွေးပေးပါနော် မိတ်ဆွေ
ရဲကိုမုန်းသောသူများထံသို့
လေးစားစွာဖြင့်
ရဲတပ်ဖွဲ့ဝင်တစ်ဦး
Credit> ရဲမင်းသား
No comments