Header Ads

  • Breaking News

    ချော်တွင်းကုန်းမီးပွိုင့်အနီး YBS ပေါ်က ရိုင်းပြတဲ့ကိစ္စ ရာသက်ပန်ထုတ်ပယ်တဲ့အထိ အရေးယူမယ်


    ရန်ကုန် သြဂုတ် ၈

    မနေ့ညပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ချော်တွင်းကုန်းမီးပွိုင့် အနီး YBS 6 ကားပေါ်က ရိုင်းပြတဲ့ကိစ္စ ယာဉ်လိုင်းကနေ ရာသက်ပန် ထုတ်ပယ်တဲ့အထိအရေးယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

    မရမ်းကုန်းမြို့နယ် ချော်တွင်းကုန်းမီးပွိုင့်အနီးမှာ မနေ့ည ၇နာရီ အချိန်ခန့်က YBS 6 မီနီယာဉ်လိုင်း ကားနံပါတ် 4H-1568 ဟာ ရှေ့ကားကို လမ်းတောင်းရင်းမောင်းနှင်ချိန်မှာ စကားများပြီး YBS 6 မီနီကားပေါ်က အမျိုးသမီး(အမည်မသိ)က ရိုင်းပြစွာဆဲဆိုပြီး ကိုယ်အမူအယာနဲ့စော်ကားခဲ့တာတွေ ဖြစ်ပွားခဲ့ပါတယ်။

    YBS 6 ပေါ်က အမျိုးသမီးရဲ့ ရိုင်းပြတဲ့အပြုအမူတွေဟာ မနေ့ညပိုင်းက လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ယာဉ်လိုင်းတည်ထောင်ထားတဲ့ ကုမ္ပဏီ က တာဝန်ရှိသူတွေက ကားနဲ့ ကားပိုင်ရှင်အပါအဝင် မောင်းနှင်သူကိုပါ စစ်ဆေးလျှက်ရှိပြီး ယာဉ်လိုင်းကနေ ရာသက်ပန်ထုတ်ပယ်တဲ့အထိ အရေးယူသွားဖို့ ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

    Myanmar Post
    Source: MUNA

    No comments

    Post Top Ad

    Post Bottom Ad