မဟာမုနိဘုရားကြီးမှာ လာရောက် ဆွဲကြိုးဖြတ်တဲ့ အမျိုးသမီးအား ဘုရားရဲနဲ့ နယ်မြေခံရဲများက ပူးပေါင်း၍ ဖော်ထုတ်ဖမ်းဆီး
မဟာမုနိမြတ်စွာဘုရားအား လာရောက်ဖူးမြော်ကြသော ဘုရားဖူးများအတွက် ဂေါပကအဖွဲ့ နှင့် ဝန်ထမ်းများမှ စောင့်ရှောက်ပေးခြင်း
- မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်း 7-8-2017 နေ့ နံနက် 93း0 နာရီ အချိန်တွင် ဦးခင်မောင်ဦး၊ အသက်(၆၅)နှစ် ( ၁၂/ဒဂတ(နိုင်)၀၁၁၁၇၇ ) အဖ ဦးအုန်းလှ၏သား ဒဂုံမြို့သစ်တောင်ပိုင်း (၁)ရပ်ကွက်နေသူသည် မဟာဗုဒ္ဓ၀င်ပြတိုက်အနီးတွင် ဘုရားဖူးလာသူ ကိုလှိုင်ဦး၏ သားထံမှ 5-8-2017 နေ့က ဆွဲကြိုးဖြတ်ယူသွားသည်ကို cctv မှတ်တမ်းတွင် တွေ့ ရှိရပြီး မှတ်တမ်းတင်ထားရှိခဲ့ပါသည်။ ယခု ထပ်မံတွေ့ရှိရသည့်အတွက် ဘုရားကြီးလုံခြုံရေးတကသိန်းစိုးနှင့် နယ်မြေခံရဲစခန်းမှ တကအောင်ညွန့် တို့က ပူးပေါင်းဖမ်းဆီး၍ မြို့မရဲစခန်းလို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
နံနက် ၁၀း၄၀ နာရီအချိန်တွင် မသီတာဝင်း၊ အသက်(၃၇)နှစ် (၉/ကဆန(နိုင်)၂၁၃၁၆၄) အဖ ဦးထွန်းလင်း၏ သမီး မင်းရပ်၊ ကျောက်ဆည်မြို့နေသူသည် ဘုရားကြီးရှေ့တော် ရွှေဆိုင်းရောင်းကောင်တာ အနီးတွင် ဘုရားဖူးလာသူ မတင်စန်းမြင့်၏ သမီးထံမှ ဆွဲကြိုးဖြတ်ယူနေသည်ကို တွေ့ရှိရ၍ ဘုရားကြီးလုံခြုံရေးတသအိမွန်ဖြိုး၊ ဦးထွန်းထွန်းဝင်း(စီမံ)နှင့် နယ်မြေခံ မြို့မရဲစခန်းမှ တကအောင်ညွန့်၊ တသအောင်မျိုးသန့်တို့က ပူးပေါင်းဖမ်းဆီး၍ မြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ဘုရားကြီးဂေါပကအဖွဲ့အနေဖြင့် ဘုရာဖူးလာပြည်သူများ စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါသည်။
Myanmar Post
Source: မဟာမုနိဂေါပကအဖွဲ့- မန္တလေး
No comments