Header Ads

  • Breaking News

    ၁၆ နှစ်အရွယ် ကောင်လေးနဲ့ လက်ထပ်ထိမ်းမြှားခဲ့တဲ့ ၇၁ နှစ်အရွယ် အမယ်ကြီးအို၏ ဖြစ်အင်


    ၇၁ နှစ်အရွယ် ဇနီးသည်က ၁၆ နှစ်အရွယ် လင်ယောက်ကျားကို ၇၁ နှစ်အရွယ် သူနဲ့ ရွယ်တူ အခြားအမျိုးသမီးကို ယူသွားမည်ကို သဝန်တိုပြီး အပြင်သွားတိုင်း လင်ယောက်ကျားအား အိမ်ထဲနေစေ၍ အပြင်ကနေ သော့ပိတ်သွားလေ့ရှိပါတယ်။

    ၁၆ နှစ်အရွယ် ကောင်လေးတယောက်နဲ့ လက်ထပ်ခဲ့တဲ့ ၇၁ နှစ်အရွယ် အမယ်ကြီးအိုတို့ အင်ဒိုနီးရှားစုံတွဲဟာ ပြီးခဲ့တဲ့အပါတ်က ပျားရည်ဆမ်းခရီးများအတွက် ဂျကာတာမြို့သို့သွားရောက် လည်ပါတ်ခဲ့ကြပါတယ်။ သူတို့ စုံတွဲ၏ အသက်အရွယ်အားဖြင့် သူတို့ရဲ့ အသက်အရွယ်များမှာ 55 နှစ်အထိ အသက်အရွယ် ကွာခြားခဲ့ကြပါတယ်။ အစပိုင်းတုန်းကတော့ သူတို့ရဲ့စုံတွဲကို မိသားစုများနှင့်တကွ အများပြည်သူများက လက်သင့်မခံခဲ့ကြပါ။

    အစပိုင်းမှာ Selamet နဲ့ Rohaya တို့ စုံတွဲအား မိသားစုဝင်အားလုံးက သူတို့ရဲ့ဆက်ဆံရေးကိုဆန့်ကျင်ခဲ့ကြပါတယ်။ မည်သို့ပင်ဆိုစေကာမူ Selamet နဲ့ Rohaya တို့ ဇနီးမောင်နှံနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး တစ်ဦးချင်းစီက တခြားတစ်ဦးအား ဆက်ကပ်အပ်နှံမည် ဆိုသည့် သဘောထားမျိုးကို ထားရှိပြီးပြီ ဖြစ်ပါတယ်။

    Rohaya က Selamet အား ပုံပြင်တွေများထဲကလို အပြင်သွားသည့်အခါတိုင်း အိမ်ထဲထည့် အပြင်ကနေ သော့ခတ်သွားလေ့ ရှိပါတယ်။  Selamet သည် Rohaya မရှိခိုက် သူနဲ့ရွယ်တူ ၇၁ နှစ်အရွယ် ဇနီးနောက်တစ်ယောက် ထပ်ယူသွားမည်ကို စိုးရိန် ကြောက်လန့်နေခြင်း ဖြစ်ပါတယ်။ 

    ဒါ့အပြင် ၇၁ အရွယ် Rohaya သည် ကလေးရရှိရေး အတွက် ရွာလူကြီးများနဲ့တိုင်ပင်၍ သူတို့စုံတွဲ ကလေးရရှိရန်အတွက် အစ္စလမ်ဘာသာဝင်များ ဖြစ်ကြပြီး သောကြာနေ့များမှာတော့ ဗလီတက်ရောက်ကာ ထုံးတမ်းစဉ်လာအရ ဝတ်ပြုဆုတောင်းခဲ့ပါတယ်။

    Myanmar Post

    No comments

    Post Top Ad

    Post Bottom Ad