Header Ads
  • Breaking News
    ရွာလုံးကျွတ် ကြံ့ခိုင်ရေးပါတီသို့ ၀င်
    မိုးကုတ်၊ သြဂုတ် ၎
    မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ်ရွှေညောင်ပင်ကျေးရွာအုပ်စုက ဒေသခံပြည်သူ နှစ်ရာခန့်ဟာ ယမန်နေ့ သြဂုတ် ၃ ရက်မွန်းလွဲပိုင်းက ပြည်ခိုင်ဖြိုးပါတီဆီ ပါတီဝင်တွေအဖြစ်နဲ့ ၀င်ရောက်ခဲ့ပါတယ်။
    “ခုဆိုရင် ရွှေညောင်ပင်ရွာနဲ့မလဲပေါက်ရွာက ပါတီဝင်တွေ ရွာလုံးကျွတ်နီးပါး ထုနဲ့ထည်နဲ့ တပြိုင်နက် ဝင်တဲ့ဖြစ်စဉ်မျိုးဟာ ကျွန်တော်တို့ တိုင်းဒေသကြီးမှာ နည်းပါးပါသေးတယ်။ဒါကြောင့် ခုလို ပါတီဝင်အသစ်တွေ တိုးပွားအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ မိုးကုတ်မြို့နယ်ပါတီက မြို့နယ်ကော်မတီဝင်တွေအားလုံး၊ရွှေညောင်ပင်ကျေးရွာက ရပ်/ကျေးပါတီ ခေါင်းဆောင်တွေအားလုံး တို့ကို အသိအမှတ်ပြုပါတယ်၊ ကျွန်တော်တို့ တိုင်းဒေသကြီးပါတီအနေနဲ့ ပါတီဝင်အင်အားကို စိစစ်တဲ့နေရာမှာ သေဆုံးတာတွေ နယ်ပြောင်းသွားတာတွေရှိနေတဲ့အတွက် တိကျခိုင်မာတဲ့ အင်အားစာရင်းရရှိအောင် ဆောင်ရွက်နေပါတယ်၊ အဲ့ဒီလို စိစစ်ပြီးခိုင်မာတဲ့ ပါတီဝင်အင်အားထုနဲ့ ပါတီအောင်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာပါ၊ ဒီနေ့ဝင်လာတဲ့ပါတီဝင်တွေဟာလည်း ခိုင်မာတဲ့ပါတီဝင်တွေ ဖြစ်လို့ ကျွန်တော့်အနေနဲ့ တိုင်းဒေသကြီးပါတီကိုယ်စား လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်” လို့ ပါတီဝင်ကတ်ပြားပေးအပ်ပွဲမှာ မန္တလေးတိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဝင်းမောင်ကပြောပါတယ်။
    ရွှေညောင်ပင်ကျေးရွာနဲ့ မလဲပေါက်ကျေးရွာတို့က ပြည်သူ ၁၇၇ ယောက်က ပြည်ခိုင်ဖြိုးပါတီဆီ ၀င်ရောက်ခဲ့တာဖြစ်ပြီး ၄င်းတို့အနေနဲ့ ပြည်ခိုင်ဖြိုးပါတီကို အခုလို ဝင်ရောက်ခဲ့တာဟာ ပါတီရဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ပေးနေတာတွေ အပေါ်သဘော ကျတာရယ် အမျိုးသားရေးကို ရှေးရှုပြီး ပါတီလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာရယ်၊ နောက်ပြီးတော့ ပါတီရဲ့ ရည် မှန်းချက်တွေ ယုံကြည်ချက်တွေခိုင်မာတာရယ်ကြောင့် ဖြစ်ပါတယ်လို့ ရွှေညောင်ပင်ကျေးရွာက ပါတီဝင်ဦးပိုကပြောပါတယ်။
    ပါတီဝင်ကတ်ပြားပေးအပ်ပွဲမှာ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင်ဦးမျိုးမြင့်၊ဦးစိုင်းအောင်ကြည်၊ဦးကျော်စန်း၊ ပြင်ဦးလွင်ခရိုင်ပါတီ ဥက္ကဌ ဦးဝင်းကြည်နဲ့ ခရိုင်ပါတီ ကော်မတီဝင်တွေ မိုးကုတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဘဌေးနဲ့မြို့နယ်ပါတီကော်မတီဝင်တွေ၊ရပ်/ကျေးစည်းရုံးရေးမှူးတွေနဲ့ပါတီဝင်တွေ တက်ရောက်ခဲ့ ကြပါတယ်။
    Myanmar Post
    Source: Popular News
    No comments
    Post Top Ad
    Post Bottom Ad