မြန်မာ့နာမည်ကြီးမင်းသား ကိုနေထူးနိုင် ဂျိမ်းဘွန်းဇာတ်ကား ရိုက်ဖို့ ကမ်းလှမ်းခံရ
နယူးယောက် 9.8.2017
မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတယောက်ဖြစ်တဲ့ ကိုနေထူးနိုင်ကို 2020 မှာရုံတင်မယ့် ဂျမ်းစ်ဘွန်းဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ ဘွန်းဇာတ်ကားနဲ့ နာမည်ကျော်ခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Mr.Michael Soutpaw က တရားဝင်ကမ်းလှမ်းခဲ့တယ်လို့ အမေရိကန်နိုင်ငံသတင်းစာများမှာ ဖော်ပြခဲ့ပါတယ်..။
ဒေးလီးမေးလ် သတင်းစာနှင့်အင်တာဗျူးတွင် ဂျိမ်းစ်ဘွန်းဇာတ်ကားရဲ့ ဒါရိုက်တာ Mr.Michael SoutPaw က 2020မှာ ရုံတင်မယ့် 25ကားမြောက် ဘွန်းဇာတ်ကားသစ်အတွက် သရုပ်ဆောင်သစ်တွေကို ရှာဖွေနေကြောင်း လောလောဆယ်မှာ မြန်မာနိုင်ငံရဲ့ စွယ်စုံရမင်းသား နေထူးနိုင်ကို သဘောကျတဲ့ အတွက် မိမိတို့ ဘက်မှ ကမ်းလှမ်းထားကြောင်း မင်းသားနေထူးနိုင် လက်ခံပါက မိမိတို့အနေဖြင့် မင်းသားနေထူးနိုင်နှင့် လက်တွဲသွားဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်...။
Myanmar Post
Source: ဟားတော်မူ
No comments