Header Ads

  • Breaking News

    နိပေါတွင် ဓမ္မတာလာသော အမျိုးသမီးများကို အိမ်အပြင်ဘက် နှင်ထုတ်သည့်ဓလေ့ကို ရာဇ၀တ်မှုအဖြစ်သတ်မှတ် ပြစ်ဒဏ်ပေးမည်


    ခတ်မဒူ၊ သြဂုတ် 

    ဓမ္မတာလာစဉ်မှာ  အမျိုးသမီးတွေကို အိမ်အပြင်ဘက် နှင်ထုတ်တဲ့  ဓလေ့ ကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်လိုက်တဲ့ ဥပဒေ တစ်ရပ်ကို နိပေါ အမတ် တွေက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ 

    ဒီ ဥပဒေအရ အမျိုးသမီး တစ်ယောက်ကို ဒီ ဓလေ့ကို အတင်းအကျပ်လိုက်နာခိုင်းတဲ့ မည်သူမဆိုထောင်ဒဏ် ၃ လ နဲ့ ငွေဒဏ် ကန်ဒေါ်လာ ၃၀ ကျခံရမှာပဲ ဖြစ်ပါတယ်။တင်းကုပ်ထဲမှာ ပစ်ထားစဉ် အမျိုးသမီး ၂ ယောက် သေဆုံးသွားခဲ့တဲ့အခါမှာတော့ နိပေါနိုင်ငံ မှာ ချောင်ပါဒီ လို့ခေါ်တဲ့ ဒီ ဓလေ့ဟာ အကျယ်အကျယ် ငြင်းခုန် ဆွေး နွေးစရာ ဖြစ်လာခဲ့ပါတယ်။ 

    အရေးဆို လှုပ်ရှားသူတွေကတော့ ဥပဒေကိုမှန်မှန်ကန်ကန် စိုးမိုး သက်ဝင်စေရမှာ ဖြစ်သလို၊ အမူအကျင့်တွေလည်း  ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောကြားပါတယ် ရှေးဟောင်း ဟိန္ဒူဓလေ့အရ ဓမ္မတာသွေးပေါ်နေချိန် (သို့မဟုတ်) မီးဖွားပြီးချိန်တွေဟာ အမျိုးသမီး တွေဟာ မသန့်ရှင်းဘဲ ကြမ္မာဆိုးကို ဆောင်ကျဉ်းလာတတ်တယ်လို့  ယူဆတာကြောင့် အဲဒီအချိန် ကာလအတောအတွင်းမှာ တဲတွေ၊ နွားတင်းကုပ်တွေထဲမှာ သီးခြားခွဲပြီးအိပ်ခိုင်းနိုင်ပါတယ်။

    သူတို့ကို ကျွဲနွားနဲ့ လူတွေကိုလည်း ထိကိုင်ခွင့်မပေးသလို၊ တချို့အစားအစာ တွေကိုလည်း မစားရတဲ့အပြင် အိမ်ထဲက ရေအိမ်နဲ့ ရေတွင်းရေကန်တွေကိုလည်း အသုံးပြုခွင့်မပေးဘဲ သူတို့ နေထိုင်ရာ ရွာနဲ့လည်း ခပ်လှမ်းလှမ်းကပဲ လျှောက်သွားခွင့်ရှိကြပါတယ်။

    သူတို့ဟာ ဆောင်းတွင်းမှာ အအေးဒဏ်ကို ခါးစည်းခံနေရသလို၊ ရာဇ၀တ်ကောင်တွေရဲ့ တိုက်ခိုက်မှုကိုလည်း ခံရတတ်တာကြောင့် မိန်းခလေးငယ်တွေဟာ ကျောင်းကို ပြန်မသွားနိုင်တော့အထိ ဖြစ်သွားတတ်ပါတယ်။ 

    ပြီးခဲ့တဲ့ လကတော့ ဓမ္မတာလာစဉ် အိမ်အပြင်ဘက်က တဲငယ်ထဲမှာ အိပ်စက်နေတုန်းမှာ မြွေကိုက်ခံလိုက်ရတဲ့အတွက် ဆယ်ကျော်သက် မိန်းခလေး တစ်ဦး  သေဆုံးခဲ့ရပါတယ်။၂၀၁၆ ခုနှစ် ဒီဇင်ဘာလကလည်း နွားတင်းကုတ်ထဲမှာ အအေးဒဏ်ခံနိုင်အောင် မီးလှုံဖို့ မီးဖိုရာက ၁၅ နှစ် အရွယ် မိန်းခလေး တစ်ဦး အသက်ရှူကျပ်ပြီး 
    သေဆုံးခဲ့ပြန်ပါတယ်။ 

    ၂၀၀၅ ခုနှစ်မှာ နိပေါအစိုးရက ချောင်ပါဒီကိုတရားမ၀င် အဖြစ် သတ်မှတ် ခဲ့ပေမယ့်လည်း ပြစ်ဒဏ်ပေးခြင်းမရှိတာကြောင့် ဝေးခေါင်တဲ့ နိပေါကျေးလက်တွေမှာတော့ ဒီ ဓလေ့ကို ဆက်လက် ကျင့်သုံးနေကြတယ်လို့ ဆိုပါတယ်။

    BBC

    No comments

    Post Top Ad

    Post Bottom Ad