Header Ads
  • Breaking News
    မင်းသမီး အေးမြတ်သူတို့...မလာခင်ကပေါ့.....
    နွားထိုးနယ်ကိုချစ်တဲ့....ဗူးကိုင်းရွာသား..စာရေးဆရာ သတင်းထောက်  
    ဆရာဗဇော် 
    လိုက်ပို့သည့်အတွက် လေ့လာရင်းရေးခဲ့တဲ့ ဆောင်းပါးလေးပါ...
    အခုမှ  နွားထိုးကြီး  Group 
    နဲ့ချိတ်ဆက်မိလို့ ပြန်တင်လေးလိုက်ပါတယ်...
    (နွားထိုးနယ်ကို ချစ်သူတိုင်း ဂုဏ်ယူနိုင်ပါစေ...)
    Academic weekly Educational Journal  ပါ ဆောင်းပါး  ...
    လေးစားစွာဖြင့်..သရက်တန်းစိုးရွှေ
    ဦးပြောမယ်သားနားထောင်..မြန်မာ့ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းထားသည့်ဆံထောက်နှမတို့
    ရွာ အကြောင်း
     သားရေ..သားကိုဦးကမြန်မာ့ရိုးရာဆံကေသာထုံးဖွဲ့မှုကိုယနေ့အထိထိန်းသိမ်းထားတဲ့
    ဆံထောက်နှ မ တို့ရွာအကြောင်းကိုပြောပြမယ်ကွယ့်။ဆံပင်နီဆိုး 
    ၊ကောက်ကွေးမျိုးနှင့် ဖြောင့်ကာတစ်သွယ် ကေတိုရယ်ရယ်ထား  
    စတိုင်များနေတဲ့ခေတ်မှာ မြန်မာ့ရိုးရာ 
    ဦးစွန်းဖုတ်၊ဆံရစ်ဝိုင်း၊ဆံထောက်ကလေးတွေထားတဲ့ရွာကိုတွေ့ရင်သား အံ့ 
    သြသွားမယ်သိလား..အဲဒီရွာကတော့မန္တလေးတိုင်းဒေသကြီးနွားထိုးကြီးမြို့နယ်ထဲမှာရှိတယ်
    ကွယ့်..။
     ဦးကတော့နွားထိုးကြီးမြို့နယ်ကိုကားကလေးနဲ့သွားတဲ့အခါမှာလမ်းဘေးဝဲယာအညာရှုခင်းတွေ
    က ကြည့် လို့မ၀ပါဘူးသားရယ်..ထန်းပင်တွေ ရှေးဟောင်းစေတီတွေက 
    ကလေးကလည်းဝီးကနဲ့ဝီးကနဲ့ပြေးလွှားနေချိန်မှာထန်းပင်ထန်းတောတွေကလည်းမြင်ကွင်းထဲ
    မှာကျန်နေခဲ့တာပေါ့ 
    ကွယ်။အညာထန်းတောတွေရှုခင်းတွေကိုကြည့်နေတုန်းကားပေါ်က တေးသံလေးကြားရတာ
    လွမ်းလိုက်တာ သားရယ် 
    ဘယ်လွမ်းလို့လွမ်းမှန်းကိုမသိပါဘူးကွာ။တေးသံလွင်လွင်လေးနားထဲဝင်လာလိုက်တော့စိတ်
    ထဲတစ်မျိုး  ဘဲကွာ..။တေးသွားလေးက 
    ..မောင်မောင်တို့အညာမှာ..တမာပင်တန်းတွေနဲ့…ထန်းပင်ထန်းတော..လွမ်းမောစရာ 
    ဘဲ..ရွှေဂုံသူရယ်..ရွှေဂုံသူရယ်တဲ့….အိုး..သားရယ်တေးသွားလေးနဲ့ 
    အညာရှုခင်းတွေကရင်ထဲကိုရိုက်ခတ်သွား 
    တယ်သားရယ်..ဦးတို့သွားတာကလည်းအညာဒေသဆံထောက်နှမတို့ရွာစာကြည့်တိုက်ဖွင့်
    ပွဲပေါ့သားရယ်..။
     မြန်မာ့ရိုးရာယဉ်ကျေးမှုအတိုင်းဆံကေသာထားရှိတဲ့ဆံထောက်နှမတို့ရွာကနွားထိုးကြီးမြို့နယ်
     ဘူးကိုင်း ကျေးရွာအုပ်စု 
    ခံစပ်ကုန်းရွာပေါ့ကွယ်.။ရွာထဲရောက်တာနဲ့ဆံရစ်ဝိုင်းလေးတွေကိုမြင်နေရတာမြန့်မာ့ယဉ်ကျေး 
    မှုအတွက်ဂုဏ်ယူမိတယ်သားရယ်..ခံစပ်ကုန်းရွာကလေးကနာမည်ကျော်စင်္ကြာတောင်အနီးမှာ
    ရှိပြီးစကြ်ာတောင် 
    ကြီးကိုမြင်နေရတာကလည်းလှလိုက်တာသားရယ်..။သြော်..သားရေ…ဆံထောက်နှမတို့ရွာ
    မှာမြန်မာ့ရိုးရာဆံကေ 
    သာထားရှိတဲ့ပုံလေးတွေကိုသူတို့ကပြောပြတယ်ကွယ့်..။ယောက်ျားကလေးဆိုလျှင်ငယ်ငယ်က
    တည်းက ဦးစွန်း  
    ဖုတ်ထားကြတယ်..မိန်းကလေးတွေကတော့ဆံရစ်ဝိုင်း၊ဆံတောက်၊အုပ်လုံးသိမ်းဆိုတဲ့ဆံပင်ပုံ
    စံလေးတွေထားကြ တယ်ကွယ့်..။
     မြန်မာ့ရိုးရာယဉ်ကျေးမှုဆံပင်ပုံစံထားသိုမှုမှာအမျိုးသမီးငယ်အပျိုဖော်မ၀င်ခင်မှာဆံရစ်
    ကလေးသာသာအရွယ်ပါလို့ပြဆိုတယ်ကွယ့်..။ အပျိုဖော်ဝင်တယ် 
    ဆိုရင်တော့ဆံပင်ပုံစံပြောင်းသွားပြီးဆံထောက်ကလေးတွေထားကြတယ်။ဆံထောက်ကလေး
    နှင့်မိန်းကလေး  တွေရဲ့ သင်္ကေတလေးကတော့အပျိုဖြန်းဖြစ်ပြီအရွယ်ရောက်ပြီပေါ့ကွယ်..။ 
    အဲ..အပျိုဖြန်းကလေးဆံကေသာထား 
    ရှိမှုဆံထောက်ကလေးကိုကျော်လွန်ပြီးအုပ်လုံးသိမ်းပြီဆိုရင်တော့ 
    အိမ်ထောင်သည်ဖြစ်ပြီလို့အသိအမှတ်ပြုရတာ ပေါ့သားရယ်..။
    သားရေ 
    ဆံထောင်နှမတို့ရွာကမြန်မာ့ရိုးရာယဉ်ကျေးမှုဆံကေသာတွေထားပြီးကျောင်းနေသူတွေက
    လည်းဆံရစ် ၀ိုင်းလေးတွေနဲ့ကျောင်းသွားကြ 
    ။လုပ်ငန်းခွင်ဝင်တော့လည်းဆံရစ်ဝိုင်းလေးတွေဆံထောက်ကလေးတွေနဲ့မြင်ရခဲ 
    တဲ့သဘာဝကျတဲ့မြင်ကွင်းလေးပေါ့သားရယ်..။ဦးတော့လေဆံထောက်နှမတို့ရွာကိုလေ.လေး
    စားတယ်သိလား 
    ..။ဘာကြောင့်လည်းဆိုတော့မြန်မာ့ရိုး၇ာယဉ်ကျေးမှုကိုထိန်းသိမ်းလို့ပေါ့ကွာ..။သားမြင်ရင်
    လည်းဂုဏ်ယူမှာပါ ။ 
    သားကြည့်မဟုတ်ပါဘူးမြင်သူတိုင်းကဂုဏ်ယူနေမယ်ဆိုတာဦးပြောနိုင်ပါတယ်ကွာ…။
     သားရေခံစပ်ကုန်းရွာကဆံထောက်နှမလေးတွေကသားတို့လိုသက်သောင့်သက်သာပညာသင်
    ရတာ  
    မဟုတ်ဘူးနော်..ကျောင်းအားချိန်မှာဆေးလိပ်လိပ်တဲ့လုပ်ငန်းကိုလုပ်ကိုင်ရင်းမိဘကိုလည်း
    တစ်ဖက်တစ်လမ်း 
    ကကူညီတယ်ကွယ့်လုပ်အားတန်ဘိုးချစ်မြတ်နိုးကြတယ်…။တစ်ချို့လည်းတောင်သူလုပ်ငန်း
    ခွင်မှာကူကြတာပေါ့ ကွယ်..။သားလည်းနွားထိုးကြီးမြို့နယ်..ဘူးကိုင်းကျေးရွာအုပ်စု 
    ခံစပ်ကုန်းရွာကိုရောက်ရင် 
    နာမည်ကျော်စင်္ကြာ တောင်သမိုင်းရယ်..စင်္ကြာတောင်ဘုရားပွဲအကြောင်းတွေကိုသိခွင့်ရပြီးမြန်
    မာ့ရိုးရာဆံကေသာထုံးဖွဲ့မှုကိုထိန်းသိမ်းထား တဲ့  
    ဆံထောက်နှမတို့ရဲ့ဖော်ရွေမှုကိုမြင်တွေ့ရမှာပါကွာ.။
     ..သားရေ.ဆံထောက်နှမတို့ရွာအကြောင်းကိုပြောပြနေရတာက 
    သားကိုကိုယ့်ယဉ်ကျေးမှုကိုမြတ်နိုးတန် 
    ဘိုးထားတတ်အောင်လို့နော်.။အနောက်နိုင်ငံယဉ်ကျေးမှုတွေကိုအားကျအတုခိုးပြီးသားလမ်း
    လွဲမှာစိုးလို့ကွ..။ပညာ ရေးနဲ့ပတ်သက်ရင်တော့အတုခိုးရမှာပေါ့ကွာ။သရုပ်ပျက်ဝတ်ဆင်မှုတွေ
    သရုပ်ပျက်ဂီတတွေကိုတော့ရှောင်ပေါ့သားရယ်ကိုယ့်ယဉ်ကျေးမှုကိုအခုထိထိန်းသိမ်းထားတဲ့
    ဆံထောက်နှမလေးတွေကိုကြည့်ပြီးကိုယ်လည်းကိုယ့်ယဉ်ကျေးမှု 
    ကိုထိန်းသိမ်းမယ်လို့ခံယူထားသားရေ..။
     ကဲ…သားရေ..ပညာသင်တဲ့အရွယ်မှာစာကိုကြိုးစားကွ။ဘ၀ဆိုတာက 
    စိတ်ကူးယဉ်စရာမဟုတ်ဘူးနော် 
    လက်တွေ့လျှောက်လှမ်းရင်းဖြတ်သန်းရမည့်အရာကွ။အေး..ဒီလိုပါဘဲ..တင့်တယ်ခြင်း 
    အခြေအနေဟာ နေထိုင်တဲ့နေရာပေါ်မှာမူတည်တယ်။မဖြစ်လာသေးတဲ့အခြေအနေကို 
    ထိုင်းတွေးပြီးငေးတာကို ရှောင်ထားပြီးလက်တွေ့ကျကျအစီအစဉ်ချပြီးလုပ်ကွာ..။တာဝန်သိပါ..
    တာဝန်ကျေပွန်ပါ..တာဝန်သိလို့ တာဝန်ပိ ခြင်းဟာ 
    တာဝန်မသိလို့သက်သာတဲ့လူထက်ကိုးဆယ်ဆသာတယ်ကွ..။ကဲ.သားကြိုးစားလိုက်စမ်း.
    .နောက်တစ် 
    ပတ်ကျရင်ဦးကသားကိုအမရပူရမြို့ကနန်းတော်ဟောင်းနေရာအကြောင်းနဲ့ရွှေတိုက်တော်ကြီး
    အကြောင်းပြော ပြမယ်..အခုတော့..စာကြိုးစားလိုက်အုံးကွာ…
     သရက်တန်းစိုးရွှေ
      Academim Weekly Educational J0urnal  Vol.5.No.6
    No comments
    Post Top Ad
    Post Bottom Ad