Header Ads
  • Breaking News
    မုံရွာတွင်သင်္ချိုင်းနှစ်ခုမှ ၀ိညဉ်များကို ပြောင်းရွှေ့
    မုံရွာ၊ ဩဂုတ် ၁၂။
    နှင်းမောင်
    စစ်ကို်င်းတိုင်းဒေသကြီးအစိုးရအမိန့်ဖြင့် မုံရွာမြို့ရှိ မြို့သစ်ရပ်ကွက်နှင့် အိုးဘိုတောင်ရပ်ကွက်အတွင်း သချိုင်းနှစ်ခုမှ ၀ိညဉ်များကို စည်ပင်ပိုင်ကားများဖြင့်  မြို့တောင်ဘက် ဆားကျင်းသုသာန်သို့ ဩေဂုတ် ၁၁ နေ့ခင်းဘက်တွင် ပြောင်းရွှေ့မှုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
    "သင်္ချိုင်း ပြောင်းဖို့ အရင်အစိုးရလက်ထက်ကတည်းက တာစူနေတာ၊ စာတောင်ပို့ဖူးတယ်။ ရပ်ကွက်က လက်မခံလို့။ အခုလည်း ညနေမှောင်ရီပျိုးချိန် ရွှေ့ရမှာ။ ခုချိန်ရွှေ့တော့ ကျန်ခဲ့တဲ့ ပရလောကသားတွေ ရှိနိုင်တယ်။ အခု ဈေးနဲ့ကားလေးကွင်းလုပ်ထားတဲ့ မုံရွာတောင်သချို င်္င်းရွှေ့တုန်းကဆို ကားဘီးတွေကို အိသွားလို့ ပရလောကသားတွေကို  ပြန်တောင် ဆင်းခိုင်းရတယ်၊ ကျန်ခဲ့ရင် ဘုံပျောက်ပြီး ရပ်ကွက်ထဲ မှီခိုရင် လိပ်ပြာငယ်တဲ့သူတွေအတွက်ဆို မကောင်းဘူး "ဟုမြို့သစ် ရပ်ကွက်မှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ပြောသည်။
    သချိုင်း ရွှေ့ပြောင်းရာသို့ လူရာနှင့်ချီ လာရောက်၍ ကြည့်ရှု့ကြပြီး ထူးထူးခြားခြား မတွေ့ခဲ့ကြကြောင်း ဆိုကြသည်။
     စည်ပင်မှ တာဝန်ရှိသူတစ်ဦးက "ညဘက်ရွှေ့ရင် မလိုလားအပ်တာတွေ ဖြစ်မှာစိုးလို့ပါ။ မင်းမိန့်နဲ့ရော ဆရာတော်ကြီးတွေနဲ့ရော ထုတ်ပြန်တာမို့ ကျန်ခဲ့စရာမရှိပါဘူး"ဟု ပြောသည်။
    နာရေးကိစ္စ ဆောင်ရွက်ရန် သင်္ချိုင်းမဲ့ဖြစ်နေသော မုံရွာမြောက်ဘက်ခြမ်းဒေသများအတွက် မီးသဂြိုလ်စက်ထားရှိရေး စည်ပင်မှ ဆောင်ရွက်နေကြောင်း သိရှိရသည်။
    #CentralNewsMyanmar 
    #MonywaNews
    No comments
    Post Top Ad
    Post Bottom Ad