ပအိုဝ့်လူမျိုး ကိုရင်လေးတစ်ပါး ဆွမ်းခံကြွရာ နိုင်ငံခြားဘာသာတက္ကသိုလ်ရှေ့တွင် ယာဉ်တိုက်ခံရသဖြင့် ပျံလွန်
ယနေ့(၆-၈-၂၀၁၇)နံနက် ၅နာရီခွဲ အချိန်ခန့်တွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အရှေ့တိုက်တော်တိုက်မှ ပအိုဝ့်လူမျိုး ကိုရင်လေးတစ်ပါး ဆွမ်းခံကြွရာ ၆၂-လမ်း၊ တကောင်းကျောင်းတိုက်အနီး
နိုင်ငံခြားဘာသာတက္ကသိုလ်ရှေ့တွင် ယာဉ်တိုက်ခံရသဖြင့် ပျံလွန်ခဲ့ပါသည်။
တိုက်သော ယာဉ်မှာ ထွက်ပြေးသွားကြောင်း သိရှိရပါသည်။
ယာဉ်တိုက်မှုဖြစ်ရာ အနီးဝန်ကျင်ရှိ ဒကာတစ်ဦးမှ
ကိုရင်လေး တိုက်သွားသော ယာဉ်ကို ဓာတ်ပုံရိုက်ယူထားကြောင်း သိရပါသည်။
သို့ဖြစ်ပါ၍ ယာဉ်တိုက်မှု ဖြစ်ပွားရာ ယာဉ်ကို ဓာတ်ပုံ ရိုက်ယူထားသော ဒကာအနေဖြင့် ဓာတ်ပုံကို သက်ဆိုင်ရာ ရုံးများ (သို့မဟုတ်) မိမိ ဖုန်းသို့ ပို့ပေးပါရန် မေတ္တာရပ်ခံပါသည်။
09444000996. 2034905. သို့ ဆက်သွယ်ပေးပို့ကြပါ
Myanmar Post
Source: Uka Weinda
No comments