ဒီလို တဏှာရူးကောင်ကြောင့် မိန်းကလေးများ တစ်ယောက်ထဲ bus စီးလျှင် သတိထားကြပါ
ဒီနေ့ ညနေ ၅:၃၀ လောက် ကျောင်းကပြန်တော့ စံပြမှာ ဆင်းပြီး 56 ပြောင်းစီးတယ် .. ထိုင်စရာနေရာမရှိပေမယ့် ကိုယ်က ထုံးစံအတိုင်း ကားပေါ်ရောက်တာနဲ့ နောက်ဆုံးကို တန်းသွားတယ် .. ကားပြန်ထွက်တော့ လူက တော်တော်ပြည့်နေပြီ .. အဲ့ချိန် YTU ကပဲ first year မိန်းကလေးတစ်ယောက် တက်လာတယ် .. ခင်တဲ့အဆင့်မဟုတ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက်သိတယ် .. ဆယ်တန်းတုန်းကလဲ ကျူရှင်တူတယ် .. လူတွေ ပြည့်နေတာကို အတင်းတိုးပြီး နောက်ဆုံးကိုလာတယ် .. ကိုယ်ကလဲ သိတယ့်လူဆိုတော့ ပြုံးပြလိုက်ပေမယ့် ချက်ချင်း မျက်နှာလွှဲသွားတယ် .. အဲ့တာနဲ့ သူ့နောက်ကိုကြည့်တော့ ယောက်ျားတစ်ယောက်က ကပ်ပါလာတယ် (ပုံထဲက လူ) .. ကောင်မလေးက ကျွန်တော့်အနောက်နားမှာ လာရပ်တယ် .. ဟိုကောင်ကလဲ ပါလာတယ် .. ပခုံးတွေ ဘာတွေ ဖက်တယ် စကားလိုက်ပြောတယ် ရင်းရင်းနှီးနှီးပုံစံနဲ့ .. အစထဲက မသင်္ကာပေမယ့် သူ့အစ်ကိုလဲဖြစ်နိုင်တယ် သူ့ရည်းစားလဲ ဖြစ်နိုင်တယ်ဆိုပြီး ဒီတိုင်းဆက်ကြည့်နေရတယ် .. ကိုယ်ကတော့ သူ့အကြောင်းသိပြီးသား ရည်းစားထားမှာမဟုတ်ဘူး ထားလဲဒီလိုရုပ် ဖြစ်မှာမဟုတ်ဘူး .. အဲ့တာကို ကောင်မလေးကလဲ ဘယ်သူ့ကိုမှ အကူအညီမတောင်းဘူး ငြိမ်နေတယ် .. ဗိုလ်ချုပ်ဈေးမှာ ကားကတော်တော်ချောင်သွားတော့ ကောင်မလေးက တစ်ခုံပဲ လွတ်တဲ့အတန်းမှာ ဝင်ထိုင်တယ် .. နေရာလွတ်တွေရှိတာကို ဟိုကောင်က ဝင်မထိုင်ဘူး .. ဘေးမှာ သွားပြီးရပ်နေတယ် .. ကျွန်တော်က ကောင်မလေးနောက်မှာ ဝင်ထိုင်ပြီး တောက်လျှောက်ကြည့်နေတယ် အဲ့ကောင်ကို .. သူ့ကို ကြည့်နေမှန်းသိတော့ ကိုယ့်ကို ဘုကြည့်ပြန်ကြည့်တယ် .. တစ်လမ်းလုံး ဆံပင်ကိုင်လိုက် စကားပြောလိုက်နဲ့ လိုက်လုပ်တယ် .. ကိုယ်ကလဲ ဒါမျိုးတစ်ခါမှ မကြုံဖူးတော့ ဘာထလုပ်ပေးရမယ်မှန်း မသိဘူး ကာယကံရှင်ကိုယ်တိုင်ကလဲ ဘာလက်ဟန်ခြေဟန်မှတောင် မပြဘူး .. ၄၆ လမ်းမှတ်တိုင်နား ရောက်တော့ ကောင်မလေးက ဆင်းမယ်ဆိုပြီး ထတယ် .. ဟိုကောင်ကလဲ ကပ်ပြီးလိုက်တယ် .. အဲတာနဲ့ ကျွန်တော်ပါထပြီး ကောင်မလေးကို အနောက်ထဲလှမ်းဆွဲပြီး ဘယ်ကကောင်လဲ မေးတော့မှ စံပြမှာ ဆင်းထဲက 39 ပေါ်ကနေ ပါလာတာ တစ်လမ်းလုံးလိုက်နှောက်ယှက်နေတယ်ဆိုပြီး ပြန်ဖြေတယ် .. အဲ့ချိန် ဟိုကောင်က ဆင်းသွားပြီ ၄၆ လမ်းမှာ .. အစထဲက ဘာလို့အကူအညီမတောင်းလဲဆိုတော့ ရှက်လို့တဲ့ .. ပြုံးပြတုန်းက မျက်နှာလွှဲသွားတာလဲ မျက်နှာပူလို့တဲ့ .. အဲ့တာနဲ့ပဲ လမ်း ၅၀ မှာ ဆင်းပြီး အိမ်လိုက်ပို့ပေးလိုက်ရတယ် .. တစ်လမ်းလုံးစကားပြောတာတောင် သူ့မှာ အသံတွေပါ တုန်လို့
အဲ့တော့ မိန်းကလေးတွေ ဒါမျိုးကြုံရင် တစ်ယောက်ယောက်ကို အကူအညီတောင်းပါ .. ပါးစပ်က မပြောရဲတောင် မျက်နှာအမူအရာနဲ့ အချက်ပြရင် လူတိုင်းနားလည်ပါတယ် .. အကူအညီတောင်းရတာ ရှက်စရာမဟုတ်ပါဘူး .. အခုလိုမျိုး ကိုယ့်ကျောင်းကလူ ရှိနေတာတောင် ဒီတိုင်းနေနေတာမျိုး မလုပ်ပါနဲ့ :') ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လဲ လက်နက်တစ်ခုခု ဆောင်ထားပါ .. ဘယ်သွားသွား ဂရုစိုက်ကြပါ :3 ကိုယ့်မှာတော့ အဲ့လိုကောင်မျိုးကို ကားပေါ်က ဒီတိုင်းပေးဆင်းလိုက်ရတာ အခုချိန်ထိ နောင်တရတုန်း :3
Kaung Khant Kyaw
No comments