Header Ads
  • Breaking News
    သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် မိမိကိုယ်မိသတ်သေတယ်လို့ အမှုစစ်ချက်ရယူထားတဲ့ မြန်မာတိုင်းရင်းသူ ကရင် ထားဝယ်မလေး ရုပ်သံ
    ထိုင်းနိုင်ငံ လပ်ဘူရီခရိုင် ဆွန်ဖီးနယ်မြေရှိ 
    ထိုင်းလူမျိုးအိမ်ရှင်သဌေးတွင် အိမ်အကူလုပ်ကိုင်နေသော မြန်မာတိုင်းရင်းသူ ကရင် ထားဝယ်မလေး
     အသက် (17) နှစ်အရွယ် မညိုညိုအေး  သေနတ်ဒဏ်ရာနှစ်ချက်နှင့် အတူ ဦးခေါင်းနောက်ပိုင်းဒဏ်ရာ(၂)ချက်ဖြင့် သူမအိမ်ဖေါ်အလုပ်လုပ်နေသော အိမ်မှာသေဆုံးနေကြောင်း တစ်အိမ်ထဲ အလုပ်အတူတူလုပ်ခဲ့ဘူးသူ မဖြူဖြူ မှ AAC မဟာမိတ်အဖွဲ့ အကူအညီပေးပါရန် ဖုန်းဖြင့် ဆက်သွယ်လာပါတယ်။
    သေဆုံးသူအလောင်းအား သက်ဆိုင်ရာ
    တာဝန်ရှိသူတွေ က စစ်ဆေးပြီးနောက် 
    အခင်းဖြစ်ပွားခဲ့သည့် အိမ် ရှင်သဌေးက အလောင်းကို 8.8.2017 နေ့လည်ပိုင်းမှာ  သေဆုံးသူမိသားစုအမျိုးများထံထိုင်းဘက်ငွေ(၅၀၀၀)နှင့် အတူလာပို့ သွားပါတယ်။
    ''အလောင်းလာပို့ချိန်က အိမ်ရှင်သဌေးလဲ မပါဘူး သူတပည့်တယောက်ပါလာပါတယ် အခုချိန်ထိ အလောင်းကို လှဘော်လီမြို့ နယ်စွန်ဖီးရပ် မူဟုတ်တောစပ်မှာ နေတဲ့ ဦးလေးတော်စပ်သူ အိမ်ထဲမှာပဲ အလောင်းကိုထားခဲ့ပါတယ်။ အမျိုးတွေ 9.8.2017 ရက်နေ့ ထိုင်းတောင်ပိုင်းစူရပ်ဌာနီမှ မနက်ပိုင်းရောက်မှ မြေတွင်းတူးမြေမြှုပ်သဂြိင်္ုလ်မယ်'' လို့ အစ်မတော်စပ်သူမအေးအေးဝင်းက AAC ကို ပြောပါတယ်။ 
    တစ်အိမ်ထဲ အလုပ်လုပ်ခဲ့သူမဖြူဖြူက 
    ''သမီးတော့သိပ်ပြီးမသင်္ကာပါဘူး သဌေးမက သူဘာသာ သူပစ်သတ်သေတာငါတို့ နဲ့ မဆိုင်ပါဘူး ငါတို့ ရဲစခန်းမှာတိုင်ချက်တွေအမှုဖွင့်ထားတယ် နင်တို့ သွားလေ့လာကြည့် လို့ ဖုန်းနဲ့ ပြောပါတယ် သမီးတို့ သိပ်နားမလည်ဘူး AAC အဖွဲ့  က လာကူညီပေးစေချင်ပါတယ်'' လို့ ပြောခဲ့ပါတယ်။
    AAC မဟာမိတ်အဖွဲ့ ဥပဒေရေးရာတာဝန်ခံကိုကိုနိုင် နှင့် အတူ AAC အဖွဲ့ဝင်များ ယနေ့ အခင်းဖြစ်သည့်နယ်မြေသို့ ရောက်ရှိခဲ့ပြီး လိုအပ်သည်များကူညီဆောင်ရွက်နေပါသည်။
    သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် မိမိကိုယ်မိသတ်သေတယ် လို့ အမှုစစ်ချက်ရယူထားသော နယ်မြေခံအမှုကိုင်ထိုင်းရဲ ကတော့ ယနေ့ AAC အဖွဲ့ဝင်များကို အတွေ့မခံပဲ
    ဖုန်းဆက်ရာတွင်လည်း ဖုန်းပိတ်ထားပါသည်။
    အမှန်တရားပေါ်ပေါက်နိင်ဖို့ AAC အဖွဲ့ မှ ဆက်လက်
    ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
    Credit..... Ko Ye Min
    No comments
    Post Top Ad
    Post Bottom Ad