Header Ads

  • Breaking News

    ဆက်ကြေးကောက်ခံလာသော KIA အကြမ်းဖက်သောင်းကျန်းသူ နှစ်ဦးအား ဖမ်းဆီးရမိ



    ဆက်ကြေးကောက်ခံလာသော KIA အကြမ်းဖက် သောင်းကျန်းသူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ်လ ၁၁ ရက် နံနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင် ရွက်နေသောတပ်မတော်စစ်ကြောင်းသည် သြဂုတ် ၉ ရက် နံနက် ၁၀ နာရီခန့်တွင် မန်ပန်ရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာသို့ အရောက်၌ မန်ပန်ရွာမှ တောင်ယာများသို့ သွားသည့် တောလမ်းအတိုင်း အမည်မသိ အမျိုးသားနှစ်ဦး မောင်းနှင်လာသော CANDA-125 အမျိုး အစား မော်တော်ဆိုင်ကယ်တစ်စီးအား မသင်္ကာသဖြင့်စစ်ဆေးရန် ရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ နောက်ကြောင်းသို့ မောင်းနှင်ထွက် ပြေးသွားသဖြင့် လက်နက်ငယ်များဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

    ဖြစ်စဉ်တွင် KIA အကြမ်းဖက်သောင်းကျန်းသူ အလောင်းနှစ်လောင်းနှင့် အတူ မြန်မာငွေကျပ်သိန်း ၇၀၊ ၄ လက်မခန့် ပယင်းကျောက် နှစ်ချောင်း၊ ရွေးစေ့အရွယ် ရွှေခြောက်လုံး၊ ဟန်းဆက်တစ်လုံး၊ ကချင်ဘာသာဖြင့် ရေးသားထားသော စာရွက်စာတမ်းများ၊ လမ်းလျှောက်စကားပြောစက် တစ်လုံး၊ KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ ဦးထုပ်တစ်လုံး၊ KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ယူနီဖောင်းတစ်စုံတို့အား သိမ်းဆည်း ရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

    Myanmar Post

    Source: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

    No comments

    Post Top Ad

    Post Bottom Ad