Header Ads

  • Breaking News

    ကာမဆန္ဒကြောင့် သမီးအရွယ် ကျောင်းသူလေး (၄)ဦးအား မဖွယ်မရာပြုလုပ်တဲ့ ကျူ ရှင်ဆရာရဲ့ ဖြစ်ရပ်


    ၁၁-၈-၂၀၁၇ ရက်နေ့တွင် ဖလူးကျေးရွာအုပ်စု ၊ မင်းလက်ပံကျေးရွာတွင် ကျုရှင်သင်သော ဆရာတစ်ဦးမှ ၁၁နှစ် နှင့် ၁၃နှစ်အရွယ် တပည့် ကျောင်းသူ လေးများအား ၎င်း၏ ဇနီးသည်မရှိခိုက်တွင်နေအိမ် အိပ်ခန်း အတွင်းသို့ခေါ်ဆောင်၍ ရင်သားများ နှင့် မိန်းမအဂါင်္စပ်တို့အား လက်ဖြင့်ကိုင်တွယ်ပွတ်သပ်၍ သားမယားအဖြစ်ပြုကျင့်ရန်ကြံစည် အားထုတ်ကြောင်း ကျောင်းသားမိဘများမှ တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန် မြဝတီမြို့မရဲ စခန်းသို့ ၁၉၃၀ အချိန် လာရောက်တိုင်တန်းသဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၇၆/၅၁၁ ဖြင့် ကျူရှင်ဆရာဖြစ်သော ဌေးဝင်း ၅၁နှစ် အား အမှု (၄)မှု အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိပြီး၎င်းအား မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုနိုင်၊နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်စိုးနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များ ၊ဖလူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစောထိန်လင်း နှင့် အဖွဲ့ တို့မှ မင်းလက်ပံကျေးရွာတွင်ဖမ်းဆီးရမိခဲ့ပြီး မြဝတီမြို့မရဲစခန်းတွင် စစ်ဆေးလျှက်ရှိပါသည်။

    Police Myawaddy

    No comments

    Post Top Ad

    Post Bottom Ad