Header Ads

  • Breaking News

    အဆိုတော်ကြီးခိုင်ထူးရဲ့ နာရေးကြေငြာနဲ့ ခိုင်ထူးရဲ့သား


    ဦးခိုင်ထူးရဲ့ဘ၀ဟာ အိမ်ထောင်ရေးကံမကောင်းခဲ့ပါဘူး ပထမဆုံး ဒေါက်တာမေကျော့ခိုင်နဲ့ အိမ်ထောင်ကျခဲ့ပြီး ၈၈ အရေးအခင်းမှာ ဒေါက်တာမေကျော့ခိုင်ဟာ နိုင်ငံရေးလုပ်တဲ့အတွက် ထိုင်းနယ်စပ်ကဖြတ်ပြီး ထိုင်းမှာနိုင်ငံရေးခိုလှုံခဲ့ရရာက ခိုင်ထူးနဲ့အလှမ်းကွာပြီး ကွဲကွာခဲ့ရပါတယ် ဒီနောက် မီးဂိုင်လို့ခေါ်တဲ့ ကချင်အမျိုးသမီးနဲ့ညားပြီး ဂွမ်ဆန်လဖိုင် ဆိုတဲ့ကလေးကိုရပါတယ် နောက်ဆုံးမှ ဒေါ်စောနွယ်နွယ်ထွန်းဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျတာဖြစ်ပါတယ် မည်သို့ပင်ဖြစ်စေ သားသမီးနဲ့ အိမ်ထောင်မိသားစုအပေါ် အလွန်တာဝန်ကျေသော ဖခင်ကောင်း ခင်ပွန်းကောင်း တစ်ယောက် ဖြစ်ခဲ့ပါတယ်


    ဖခင်ဦးသာထို (စီးပွားရေးတက္ကသိုလ် ပါမောက္ခငြိမ်း) နှင့်
    မိခင် ဒေါ်တင်မြင့်မြင့်တို့၏သားလတ်၊ ဒေါက်တာခိုင်စိုး(ကွယ်လွန်)၏ညီ၊ဒေါက်တာခိုင်မိုး (USA) ၏အစ်ကို  
    ၂၈ ဇန်နဝါရီလ ၁၉၅၆ တွင်မွေးဖွားခဲ့သူဖြစ်ပါသည်။ 
    လက်ရှိကွယ်လွန်ချိန်တွင် သား ဆိုင်းလင်းထူး (ခ) 
    ဂွမ်ဆန်လဖိုင် ဆွီဒင်တွင်နေထိုင်ကျန်ရစ်ခဲ့ပါ၏။

    Myanmar Post

    Source: အဂ္ဂမဟာသီရိသုဓမ္မ ပုံပျက်ခင်စိန်

    No comments

    Post Top Ad

    Post Bottom Ad