Header Ads

  • Breaking News

    လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံ သြဂုတ် ၂၁ ရက်နေ့တင်မယ်


    လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့ မြန်မာလုပ်သားနှစ်ဦးအတွက် နောက်ဆုံးတင်သွင်းရမယ့် အယူခံကို သြဂုတ် ၂၁ ရက်မတိုင်ခင် တင်သွင်းသွားမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ပြောပါတယ်။

    သေဒဏ်ကျခံနေရသော မြန်မာလုပ်သားနှစ်ဦး အမှုအတွက် နောက်ဆုံးအယူခံကို သြဂုတ် ၂၁ ရက်နောက်ဆုံးထား တင်သွင်းဖို့ ထိုင်းနိုင်ငံ ကော့စမွီတရားရုံးကဆုံးဖြတ်ထားပြီး မြန်မာဘက်က အဆိုပါရက်မတိုင်ခင် တင်သွင်းဖို့ စီစဉ်နေတာပါ။
    သြဂုတ် ၁၅ ရက်မှာ အဆိုပါအမှုအတွက် မြန်မာသံအမတ်ကြီး အပါအ၀င် မြန်မာသံရုံးအထူးအဖွဲ့နဲ့ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီးမှ အယူခံတင်မယ့်ရက်ကိုသိရမှာ ဖြစ်ပါတယ်။

     
    ‘‘ထိုင်းရှေ့နေများကောင်စီ အနေနဲ့လည်း ပိုမိုတိကျတဲ့စနစ် တကျပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ နောက်ဆုံးအယူခံမှာ ကလေးတွေ ကံကောင်းလိမ့်မယ် လို့ မျှော်လင့်ပါတယ်’’လို့ မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူးချစ်က ပြောပါတယ်။
    အယူခံတင်သွင်းမှုကို ထိုင်းအစိုးရက မတ်လ ၂၃ ရက်အတွင်း တင်သွင်းဖို့ မူလကသတ်မှတ်ထားပေမယ့် ပြင်ဆင်ချိန်မလုံလောက်လို့ အချိန်တိုးပေးဖို့ မြန်မာသံရုံးအထူးအဖွဲ့က ပထမဆုံးအကြိမ် တောင်းဆိုရာ ဧပြီ ၂၃ ရက်အထိ တိုးပေးခဲ့ပေမယ့် အချိန်မလုံလောက်လို့ အယူခံတင်ဖို့ အချိန်ကိုငါးကြိမ်အထိထပ် တိုးတောင်းခဲ့ရပြီး အယူခံတင်သွင်းမှုကို ထိုင်းနိုင်ငံအယူခံအောက်တရားရုံးက ယခုနှစ်ဖေဖော်ဝါရီ ၂၃ ရက်မှာ ပယ်ချခဲ့ပြီး သေဒဏ်ကို ဆက်လက်အတည်ပြုခဲ့ပါတယ်။

    Source : 7DayDaily

    No comments

    Post Top Ad

    Post Bottom Ad