Header Ads

  • Breaking News

    စွန့်ပစ်ခံကြောင်ပေါက်စလေးကို နို့တိုက်ပြုစု ခဲ့တဲ့ ဂရိခွေးမကြီးရဲ့မေတ္တာ

    ဂရိနိုင်ငံမှ ခွေးမကြီးတစ်ကောင်ဟာ အမှိုက်ပုံမှာစွန့်ပစ်ခြင်းခံထားရတဲ့ ကြောင်ပေါက်စလေးတစ်ကောင်ကို အန္တရာယ်ပြုရမယ့် အစားမိခင်မေတ္တာနဲ့ နို့တိုက်နေတဲ့ ဗီဒီယိုဖိုင်ဟာ အင်တာနက်အသုံးပြုသူများအတွက် သံဝေဂရစရာဖြစ်ခဲ့ပါတယ်။ 
    လာမီယာ မှာရှိတဲ့ခွေးမကြီးတစ်ကောင်ဟာ ကြောင်ပေါက်လေးကို လိုလိုလားလားနို့တိုက်နေခဲ့တဲ့ မြင်ကွင်းဟာ တွေ့မြင်ရသူတွေကို အံ့အား သင့်စေခဲ့ပါတယ်။ ဒေသခံ တစ်ဦးက အဆိုပါ ဖြစ်ရပ်ကို ဗီဒီယို မှတ်တမ်း တင်ခဲ့ခြင်းဖြစ်ပြီး ခွေးမကြီးနဲ့ ကြောင်ပေါက်လေး အကြား ဘာပြဿနာ မှမရှိတာကိုတွေ့ခဲ့ရပါတယ်။ 
    အမည်ထုတ်ဖော်မပြောကြားတဲ့အဆိုပါ အမျိုးသားက အမှိုက်ပုံထဲက အိတ်တစ်လုံးထဲမှာ လုံထွေးရစ်ပတ်နေ တဲ့ကြောင်ပေါက်လေး တစ်ကောင် ကို နေထိုင်ရာအိမ်မှ အောက်ထပ်ဆင်းလာစဉ်တွေ့ခဲ့ကြောင်း ပြောပြ ပါတယ်။
    တစ်စုံတစ်ယောက်က သေစေလိုတဲ့ဆန္ဒနဲ့ လာရောက် ပစ်ထားခဲ့ပုံပေါ် တယ်လို့ ဆိုပါတယ်။ အမှိုက်ထုပ်ထဲမှအဆိုပါကြောင်လေးကိုထုတ်ယူလိုက် စဉ် အနီးအနားမှခွေးတစ်ကောင်ရောက်လာပြီး ကြောင်လေးကို ဗီဒီယိုနဲ့ ဓာတ်ပုံများထဲမှာတွေ့မြင်ရတဲ့အတိုင်း ပြုစုပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါ တယ်။ သူကပြောပါတယ် . . . “တိရစ္ဆာန်တွေက လူတွေထက် ပိုကြင်နာ တတ်တယ်ဗျာ” တဲ့။      
    Source: Thomas

    No comments

    Post Top Ad

    Post Bottom Ad