အရင်းအမြစ်ကို အရေးမယူပဲနေသ၍အတုအစစ်တွေ ရှိနေဦးမည့် တစ်သောင်းတန်အတု
ဒါသိမ်းမယ်ဆိုရင်
ကျနော့်ကို အစားပြန်ပေးပါ
မရဘူး အကို
သိမ်းပဲ သိမ်းခိုင်းတာ
မသိမ်းပဲ ပြန်ပေးလိုက်ရင်လည်း
နောက်တစ်ခါသုံးရင် ရောသုံးမှာလေ
ဒါဆို တစ်ရွက် ၅၀၀၀ တော့ ပြန်ပေးပါ
မရဘူး အကို
မထားခဲ့ရင် ရဲစခန်းဆီဖုန်းဆက်လိုက်မယ်
ကျနော်တို့က နှမ်းရောင်းပြီး
ကလေးဆီ ငွေလာလွှဲတာ ကိုယ်လည်းမလုပ်ဘူး
ကျနော် ငွေလွှဲလာထုတ်ရင်း
ဘဏ်က ဝန်ထမ်းကောင်မလေးနဲ့
အသက်လေးဆယ်ဝန်းကျင်လောက်ရှိမယ့်
လင်မယားလို့ ထင်ရတဲ့သူတွေ ပြောဆိုနေတာကို
ကြားနေရတာပါ ။
သူတို့ခများလည်း မသုံးလျက် မစားလျက်
နှမ်းရောင်းရတဲ့ ငွေလေးကို
နယ်က သားသ္မီးဆီ လာလွှဲတယ် ထင်ပါတယ် ။
ဒါကို အတုဆိုပြီး ဘဏ်ဝန်ထမ်းက သိမ်းတော့
နှမျောနေရှာတာ ။
အစားမရလို့ ပြန်ယူသွားမယ်ဆိုတော့လည်း
ရဲစခန်းဖုန်းဆက်မယ်ဆိုတော့
မျက်နှာတွေ မကောင်းရှာဘူး ။
ကျနော်လည်း ကြည့်နေရင်းက
မနေနိုင်တော့တာနဲ့
ဘယ်ဟာက အတုလဲဆိုပြီး ကိုင်ကြည့်မိတယ်
ဒါက အစစ်အကို
ဒါက အတု
သေချာကြည့်ကြည့်ပါ ဦး
ဘဏ်ဝန်ထမ်းတွေက ပြောပြနေတာပါ ။
ကျနော်ကြည့်တော့လည်း
ဘာမှ သိပ်ထူးခြားတာ မရှိလှပါဘူး
မသေချာမှာစိုးလို ငွေမထုတ်သေးပဲ
အတုအစစ် နှစ်ရွက်လုံးကို သေချာကိုကြည့်တာ။
နောက်ဆုံး မနေနိုင်တော့
ညီမတို့က အတုအစစ်ဘယ်လို စစ်တာလဲ
ဒီလိုကော ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်
သိမ်းခွင့် ရှိလား မေးလိုက်တယ်
ဥပဒေရှိပါတယ် ဦး
ရော ... ခက်ပြီ
အေး အဲဒါဆို
မနေ့တနေ့ကမှ အလုပ်ဝင်လာတဲ့
ဘဏ်ဝန်းထမ်းက ဒါမျိုးတွေလုပ်နေရင်ကော
ဘယ်လို ယုံကြည်ရမလဲ ။
ဘဏ်ဝန်ထမ်းတွေက
ပိုက်ဆံအတုအစစ် ခွဲတဲ့ပညာကော
အကုန်သင်ခဲ့ ရတာလား ။
မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဆိုရင်
ပိုင်ဆိုင်သူဘက်က နစ်နာလွန်းမနေဘူးလား ။
ရဲစခန်းတိုင်မယ်ဆိုလည်း တိုင်ပေါ့
ဘာကြောက်စရာရှိလဲ
အတုလုပ်တဲ့သူတွေ ရှိရင်
ပိုက်ဆံကိုင်နေသူတွေလက်မှာ အတုလည်း
ပါလာနိုင်တာပဲလေ
ဒါကို ဘယ်ကရသလဲတဲ့လား
ရှင်းရှင်းလေးပဲ အရောင်းအဝယ်လုပ်ရင်းက
ရတယ်
ဒီလိုအတုကို လက်ဝယ်ထားရှိရင်
အဖမ်းအစီးခံရမယ်တဲ့လား ညီမ
ရဲသာ ခေါ်လိုက်ပါ
ရဲကကော အတုအစစ်ခွဲတဲ့ပညာတတ်လား
ညီမတို့တွေပါးစပ်က အတုဆိုတာနဲ့ပဲ
သူတို့ပိုက်ဆံက တုရောလား ညီမ
အတုအစစ်သူတို့လည်း ဘယ်သိနိုင်မလဲ
ညီမတို့တောင် မနည်းဖြဲကြည့်နေရတာမလား ။
ဒါဆို
ညီမတို့ မြန်မာ့စီးပွားရေးဘဏ်ကကော
ပုဂ္ဂလိက ဘဏ်တွေကကော
ငွေကြေး အတုအစစ်နဲ့ပတ်သက်ပြီး
လူထုကို အသိပညာပေး ဘာတွေဖြန့်ဝေဘူးလဲ
လို့ မေးမယ် ညီမ ။
အတုအစစ် ပြဿနာက
နိုင်ငံတော်အစိုးရက စီစစ်ရမှာပါ
ထုတ်လုပ်သူတွေကိုသာ အရေးယူရမှာပါ
ရိုးရိုးသားသား
ရောင်းဝယ်ဖောက်ကားနေသူတွေရဲ့
လက်ထဲမှာ အတုကောအစစ်ကော ရှိနေနိုင်တယ်
အတုဆိုတာနဲ့
လူကို ဖမ်းလို့ မရပါဘူး
အတုဆိုတာကို သက်ဆိုင်ရာတွေနဲ့
သက်သေခိုင်လုံအောင် ပြပြီးမှ
ကာယကံရှင်ဆီက ပိုက်ဆံကို သိမ်းရတာပါ ။
ကျနော်တစ်ယောက်တည်း
တောက်လျှောက်ပြောနေတော့
ဘဏ်ဝန်ထမ်းတွေက တဖြည်းဖြည်းစုလာလို့
ကျနော် သူတို့ကိုကြည့်ရင်းက
ဆက်ပြောနေမိတာပါ ။
ဒါပေမယ့်
ပိုက်ဆံ ၁၀၀၀၀တန် လေးငါးရွက်တော့
ကာယကံရှင်တွေဆီကနေ ဘဏ်ဝန်ထမ်းက
သိမ်းသွားပါပြီ ။
ကာယကံရှင် နှစ်ယောက်ကလည်း
ပြန်ဖို့ လုပ်နေပြီဆိုတော့
ကျနော်လည်း ငွေလွှဲထုတ်ပြီး ပြန်လာခဲ့တယ်။
မဆိုင်ဘူးဗျ
လက်ဝယ်ရှိတာနဲ့ ဘယ်ဖမ်းလို့ရမလဲ
အတုမှန်းမသိလို့ လက်ခံခဲ့တာလေဗျာ
အတု ဘယ်သူ ယူချင်မှာလဲ
အတုဆိုတာ သက်သေခိုင်လုံအောင်ရှင်းပြ
သေချာပြီဆို သိမ်းပေါ့ ။
ပိုက်ဆံအတုလည်း မသိလို့လက်ခံရသေးတယ်
အဖမ်းပါ ခံရမယ်ဆိုရင်
ဒါ မတရားတာပဲ။
အတုထုတ်တဲ့နေရာတွေ ရှာပါ
အရေးယူပါ
လူထုကို ပညာပေးပါ
ဒီလို ဘဏ်ဝန်ထမ်းတွေအနေနဲ့
အတုလို့ ပြောပြီး သိမ်းပိုင်ခွင့်ရှိတယ်ဆိုရင်လည်း
ကျွမ်းကျင်သူတွေကို နေရာပေးပါ ။
ဥပဒေဆိုတိုင်း တရားတယ်ထင်နေရင်
ကျနော်တို့တွေ ညံ့လို့ပဲလေ
အရင်းအမြစ်ကို အရေးမယူပဲနေသ၍
အတုအစစ်တွေ ရှိနေဦးမယ်ဆိုတာကိုတွေးရင်း ...
ကျနော် ပြန်ခဲ့လိုက်တယ် ။
Source: Nay Min Nawe
No comments