Header Ads
  • Breaking News
    လတ်တလော ကိုးမိုင်မှာနာမည်ကြီးနေတဲ့ ပုဏ္ဏကတိုက်ပြီး အိမ်ကိုခဲနဲ့ထုတဲ့ ခဲသရဲကိစ္စ မပြောမဖြစ်လို့ပြောရဦးမယ်
    က​လေးမြို့ ​လိုင်​သာယာရပ်​ကွက်​ နယ်​​မြေ ၂(ကိုးမိုင်​)တွင်​ ထူးခြားဖြစ်​စဉ်​ ဖြစ်​ပွား​နေပါသည်​။
    အ​ကြောင်းမှာ ချင်းတွင်းအိမ်​ အ​နောက်​ဖက်​လမ်း နှင့်
    ခိုင်​ထက်​​နေ အမျိုးသားသီးသန့်​​ဆောင်​ အပါအဝင်
    အနီးရှိ အိမ်​များအား ခဲဖြင့်​​ပေါက်​ခံရမူ များဖြစ်​ပွား​နေခြင်းဖြစ်​ပါသည်​။ ​ပေါက်​ခံရသည်​မှာ မ​နေ့ညက ၁၁ရက်​ည​မြောက်​ရှိပါပြီ။ ပထမ ငါးရက်​​လောက်​ထိ လူကထုတယ်​လို့ထင်​​နေကြသည်​။
    ခဲဖြင့်​ ​ပေါက်​ခံရသူတို့သည်​ ​မြောက်​ဖက်​က ခဲသံကြား၍ လိုက်​လျှင်​ ​တောင်​ဖက်​က ထုသွားပါသည်​။
    ဆယ်​ရက်​ဆက်​တိုက်​  ထု​ခံ​နေရပါသည်​။ မြန်​မာနိုင်​ငံ ရဲတပ်​ဖွဲ့နှင့်​ ​မီးသတ်​တပ်​ဖွဲ့ အပါအဝင်​ ခံရသူ   ရပ်​ကွက်​သူ/သား များ၊အ​ဆောင်​​နေ ​ကျောင်းသာများ
    ဝိုင်း ဖမ်းသည်​ပင်​လည်း မမိနိုင်​​ပေ။လိုက်​လံရှာ​ဖွေသည့်​ချိန်​လည်း ထု​နေပါသည်​။ ခဲဖြင့်​​ပေါက်​သွား၍ ​ပေါက်​လိုက်​သည့်​ခဲကို အမှတ်​အသားပြုလုပ်​၍ အပြင်​ဖက်​သို့ လွှင့်​လိုက်​လျှင်​ ခဏအကြာတွင်​ ယင်းအမှတ်​အသားပြုလုပ်​ထား​သော ခဲဖြင့်​ ပြန်​​ထုပါသည်​။
    လူ​တွေ ကို​တော့မမှန်​ခဲ့​ပေ။
    အိမ်​များသာမှန်​ပါသည်​။အချို့အိမ်​များသည်​ သွပ်​ပြားများပင်​ ​ပေါက်​သွားသည်​ဟု သိရှိရ​ပေသည်​။ရိုးရိုးသားသားဆိုလျှင်​ သွပ်​ပြားမ​ပေါက်​နိုင်​​ခြေ။ မ​နေ့က ပို၍​ဆိုး​လေသည်​။ အိမ်​တစ်​အိမ်​တွင်​ လူဆယ်​​ရောက်​​လောက်​ စကား​ပြော​နေစဉ်​ အလယ်​တည့်​တည့်​ ခဲတစ်​လုံးကျလာ​ကြောင်း သိရှိရပါသည်​။ ဆိုက်​တွဲ တစ်​စီးကို လည်း ဝိုင်း​ရွှေ့၍ပင်​မရ​နိုင်​။ ထိုစဉ်​ လူတစ်​​ယောက်​က စိတ်​တို ၍ ​အော်​​ငေါက်​ရာ မှ ဆိုက်​တွဲ
    လူဆိုရင်​ မိတာကြာပါပြီ။
    မ​နေ့ည က၁၁ရက်​​မြောက်​ညဖြစ်​ပါသည်​။ဒေသခံများသည်​ နာနာဘာဝ  ​လေပင်​လားဟု ထင်​မှတ်​​နေကြပါသည်​။ မည်​သူမျှ ခဲတစ်​လုံး တည်းဖြင့် သွပ်​ပြား​ပေါက်​​အောင်​ မထုနိုင်​​ပေ။ လွန်​ခဲ့သည့်​ငါးရက်​ခန့်​တွင်​ လူတစ်​​ယောက်​သည်​ လမ်း​ပေါ်၌ အရပ်​ဆယ်​​ပေ​လောက်​ရှိ​သော လူတစ်​​ယောက်​ကို မြင်​လိုက်​​လေသည်​ဟုသိရှိရပါသည်​။လိုက်​လံ ကြည့်​လိုက်​ရာ မနီးမ​ဝေးတွင်​ ​ပျောက်​ကွယ်​သွားပါ​ကြောင်း သိရှိရပါသည်​။
    သတင်း ထပ်​ဖြည့်​စွက်​ချက်​။   ။
    ယ​နေ့ည တွင်​ ​အောက်​လမ်းဆရာများ အထက်​လမ်းဆရာများကြွ​ရောက်​ ​လာမည်​ဖြစ်​​ကြောင်းသိရှိရပါသည်​။ ခြံဝင်းများ  အပင်​များလည်း ရှင်းထား ခုတ်​ထားပြီးဖြစ်​ပါသည်​။
    သတင်းရပြီးတိုင်းEdit post လုပ်​​ပေးပါမည်​။    ယခုဆက်​လက်​၍ သတင်းပြည့်​စုံ​စေရန်​ တစ်​စုံတစ်​​ယောက်​၏ postကို copy text လုပ်​ထားပါသည်​။                      {{{လတ်တလော ကိုးမိုင်မှာနာမည်ကြီးနေတဲ့ အိမ်ကိုခဲနဲ့ထုတဲ့ သရဲကိစ္စ မပြောမဖြစ်လို့ပြောရဦးမယ်
    မကြုံဖူးတဲ့သူတွေက ပြောကြတာက ကောလဟာလတဲ့ ဒါမဲ့ကျူပ်ပြောကြည့်မယ် ကျူပ်လဲအစကတော့မယုံခဲ့ဘူး။
     ခဲနဲ့ထုခံရတယ်လို့နာမည်ကြီးတဲ့ အိမ်နားတစ်ဝိုက်မှာ သူငယ်ချင်းတွေနဲ့ ဝိုင်းထောင်ပီးစောင့်ကြည့်နေခဲ့ကြတယ် ဒါမဲ့ ၂နာရီထိုးလာတဲ့ထိမထူးခြားခဲ့ဘူး အာ့ကြောင့် ကျော့်သူငယ်ချင်းတွေလည်း စိတ်မရှည်တာနဲ့အကုန်ပြန်သွားကြတယ် ကျော်နဲ့ကျော့်ညီဝမ်းကွဲပဲကျန်ခဲ့တယ် ကျော့်ညီကလဲနှစ်ယောက်ထဲမစောင့်ရဲတာနဲ့ပြန်မယ်ဆိုပီးပြန်ခဲ့ကြတယ် အပြန်မှာကျောင်းတော်ကြီးမှာဘောပွဲပြနေတာနဲ့ ဘောပွဲဝင်ကြည့်ဖြစ်ကြတယ် အာ့မှာပဲမထင်မှတ်ပဲ ဦးသောင်းဝင်း(ခ) ရဲဘော်ကြီးနဲ့တွေ့ဖြစ်ကြတယ်။ သူကတော့ အဲ့ဇာတ်လမ်းကို အစအဆုံးသိသူဆိုရမှာပေါ့။ သူနဲ့တွေ့တော့ အဲ့ခဲသရဲအကြောင်းကိုပြောမိသွားကြတယ်။
    ကျော်ကမယုံဘူးပြောတော့ အတိုခြုံးပြောမယ်
    သူက အဲ့နေရာကိုခေါ်သွားတယ် ကျော့်ညီဝမ်းကွဲကတော့ ကြောက်လို့တဲ့မလိုက်ခဲ့ဘူး
    အဲ့နေရာရောက်တော့ သူက ဒီနေရာဘလိုတွေဖြစ်လဲဆွာ ရှင်းပြပေးတယ်
    အဲ့လိုရှင်းပြတုန်းကျော့်မျက်စိက မရည်ရွယ်ဘဲ 
    ဦးသောင်းဝင်းနောက်က သစ်ပင်ဆီအာရုံရောက်သွားတယ် မျက်စိပဲမှားတာနေမလားဗျာ လူတျောက် အရပ်က တော်တော်လေးတော့ရှည်တယ် ဘယ်နှစ်ပေတွေဆိုတာ ကျော်လဲမခန့်မှန်းတတ်ဘူး။
    သူကကျော်တို့ကိုစိုက်ကြည့်နေတယ် အာနဲ့ကျော်လဲ
    ရုတ်တရက်သတိဝင်လာပီး ဓာတ်ပုံရိုက်တယ်
    ကျူပ်ကတော့ အမိအရရိုက်လိုက်တာပဲ ဒါမဲ့သူက
    ဓာတ်ပုံထဲပေါ်မလာဘူး(အဝိုင်းခြစ်ပြထားတယ်)
    အာ့နဲ့ကျော်လဲလန့်လာတာနဲ့ ဦးသောင်းဝင်းကို
    ပြန်မယ်ပြောပီး ပြန်ခဲ့ကြတယ် လမ်းမကြီးပေါ်ရောက်တာနဲ့ ဦးသောင်းဝင်းကို
    Grand တိုက်နေတုန်းမှာပဲ ခဲတွေနဲ့ပေါက်ခံရပါတော့တယ် ခဲက လူမမှန်ပဲ ရှေ့က သစ်ပင်ကိုမှန်ပီး ကျော်တို့ရှေ့တည့်တည့်ကျလာတယ်။
    ကျလာတဲ့ ကျောက်ခဲကိုလဲ ပုံရိုက်ပြထားပါတယ်
    ဦးသောင်းဝင်း ပြောပုံအရဆို အများကြီးတင်ပြလို့ရပါတယ် မှားသည်ဖြစ်စေမှန်သည်ဖြစ်စေပေါ့ ခုကတော့ ညဥ့်နက်နေပီ
    ဒီညကျနော့်ရဲ့ လက်ရှိအဖြစ်အပျက်ကို အိပ်ရေးပျက်ခံပီး
    တင်ပေးလိုက်ပါတယ် 😔
    #ကိုယ်တွေ့ပါ_ဘယ်သူဘယ်ဝါလက်ချက်လဲဆိုတာတော့_တစ်နေ့တော့သိရမှာပါ_သရဲပဲဖြစ်ဖြစ်_လူပဲဖြစ်ဖြစ်ပေါ့_အမှန်တရားပေါ်လာဖို့သာလိုတာပါ}}}  
    ဆက်​လက်​ ကြိုးစား​နေဆဲ
    Source: Kwee Chan
    No comments
    Post Top Ad
    Post Bottom Ad