Header Ads

  • Breaking News

    အွန်လိုင်းပေါ်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် ကလေးချီသည့်ဓာတ်ပုံများ


    ယနေ့ သြဂုတ်လ ၁၄ ရက် အွန်လိုင်းစာမျက်နှာတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်၏ အကြင်နာတရား ပေါ်လွင်လှသည့် ဓာတ်ပုံများ ပြန့်နှံ့လာခဲ့သည်။


    လူအများ သဘောကျနေကြသည့် ထှိုဓာတ်ပုံများဟာ ဆေးရုံတစ်ခုရဲ့ သားဖွားဆောင်တွင် ရိုက်ကူးထားသည်ဟု ယူဆရသည်။ မီးဖွားပြီးစ မိခင်တစ်ဦးက ကုဋင်ပေါ်တွင် ရှိနေပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အနှီးဝတ်ဖြူကလေး ပတ်ထားသည့် မွေးကင်းစ ကလေးငယ်ကို လက်နှစ်ဖက်ဖြင့် ယုယစွာ ချီထားသည်။ သဘောကျနှစ်ခြိုက်နေသည့် သူမရဲ့အပြုံးများက ကြည့်ရှုသူများကိုလည်း ပျော်ရွှင်စေခဲ့သည်။


    အကြင်နာတရားပေါ်လွင်လှသည့် ဓာတ်ပုံများတွင် ဒေါ်အောင်ဆန်းဆုကြည်က င်္ကျီအဖြူခံ ပန်းပွင့်ကလေးများနှင့်ဝတ်ဆင်ပြီး လုံချည်ကတော့ အညိုရောင်ပျော့ပျော့ကလေး ၀တ်ဆင်ထားသည်။

    ဖေ့စ်ဘွက်အသုံးပြုသူတစ်ယောက်က
    သြော် … သူ့အိမ်က ကိုပုမိန်းမ

    ကလေးမွေးပြီဆိုတော့ မအားတဲ့ကြားက

    သူ့ခင်မျာ ရအောင်ပြေးလာရှာတယ်

    ကလေးနီတာရဲလေးကို တွေ့တော့လည်း

    ဟန်တောင်မဆောင်နိုင်အောင် သဲသဲလှုပ်

    ကိုပုမိန်းမ မွေးတဲ့ ကလေးတောင်

    သူ့ခင်မျာ ဒီလောက်ဖြစ်နေတာ

    သူ့သားလေးတွေဆို ဘယ်လောက်ချစ်ခဲ့ရှာမလဲ

    သူ့လို သံယောဇဉ် ကြီးတဲ့ သူကျမှ

    သူ့မေတ္တာလည်း သူ့သားတွေ မရ

    သူ့သားတွေ မေတ္တာလည်း သူမရ

    ကျတော်တို့ ပြည်သူတွေအတွက်

    ဝဋ်ကျွေးတွေ ကြီးလှချည်လား အမေရယ်
    ဟုရေးသားထားသည်ကိုလည်း တွေ့ရသည်။


    ကမ္ဘာက လေးစားသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့်က ဟာကွက်မရှိ၊ အပြစ်ဆိုစရာမရှိအောင် အရာရာတွင် ဒေါင့်စေ့၊ စေ့စပ် ပြည့်စုံလှသူဖြစ်သည်။

    Source: Myanmar News Society

    No comments

    Post Top Ad

    Post Bottom Ad