Header Ads

  • Breaking News

    ရခိုင် .မောင်တော ..Up to date ..အကြမ်းဖက်သမားတွေကို ချေမှုန်းနေပြီ


    ယနေ့နံနက် 10:00 အချိန်တွင် မြန်မာ့တပ်မတော်မှ မောင်တောမြို့အနောက်ဖက်မေယုတောင်တန်း တောစပ်ရှိ RSO နှင့် ဘင်္ဂလီ အကြမ်းဖက်အဖွဲ့များ အခြေပြုနေသည့် နေရာများအား SOTF အကြမ်းဖက်တန်ပြန်တိုက်ခိုက်ရေးတပ်ဖွဲ့များအပါအဝင် တိုက်ခိုက်ရေးတပ်ရင်း ၆ ရင်း UAV မြေပြင်တိုက်ခိုက်ရေးသံချပ်ကာယာဉ်များ ဝေဟင်မှ MI - 35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အကြမ်းဖက်အဖွဲ့များဆုတ်ခွာထွက်ပြေးမည့် နတ်မြစ်ကြောင်းတစ်လျှောက်အား တပ်မတော်ရေမှ Y အမျိုးအစား မြစ်တွင်း တိုက်ရေယာဉ် ၄ စီး အမြန်တိုက်ခိုက်ရေး မြစ်တွင်းကင်းလှည့်ရေယာဉ် ၃ စီးအပါအဝင် ရေတပ်အထူးကွန်မန်ဒို Navy Seal တပ်ဖွဲ့ဝင်များဖြင့် ပိတ်ဆို့ချေမှုန်းလျက်ရှိသည် #

     လက်ရှိအခြေအနေအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး
    ကာကွယ်ရေးဦးစီးချုပ်မှ တပ်မတော် ကြည်း ရေ လေ တပ်ဖွဲ့ဝင်များအား အင်အားသုံးတိုက်ခိုက်ချေမှုန်းခွင့်ပေးထားပြီဖြစ်သည် #

    မြန်မာ့တပ်မတော်အနေဖြင့် တိုင်းရင်းသားမဟုတ်သည့် အကြမ်းဖက်အဖွဲ့များဖြင့် ပြည်ပကျူးကျော်စစ် ဆင်နွှဲနေသည့်အတွက် အင်အားသုံး၍ ပြတ်သားစွာ ခိုက်ချေမှုန်းလျက်ရှိပြီး မည်သည့် လက်နက်မျိုးကိုမဆို အသုံးပြုတိုက်ခိုက်ရန် ဝန်လေးနေမည်မဟုတ်ပါ # 

    ရခိုင်ပြည်နယ် အနောက်ပိုင်းတွင် ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှု ပြန်လည်ချေမှုန်းရေး ထိုးစစ်ဆင်တိုက်ခိုက်မှုအတွက် တိုက်ခိုက်ရေးတပ်မ ၁ မ ထပ်အင်အားဖြည့်ထားပြီး လက်ရှိအချိန်တွင် မြန်မာ့တပ်မတော်မှ တပ်မ ၁ ခု တပ်ရင်း ၁၁ ရင်း နည်းဗျူဟာတပ်ရင်း ၃ ခု ရဲခေါင် လေကြောင်းချီတိုက်ခိုက်ရေး MI - 35 ရဟတ်ယာဉ်အုပ် ၁ အုပ် တပ်မတော်ရေမှ မြစ်တွင်းတိုက်ရေယာဉ် ၇ စီး Navy Seal အထူးကွန်မန်ဒို တပ်ရင်း ၁ ခုဖြင့် နယ်စပ်တစ်လျှောက် တပ်ဖြန့်ချထားကာ တိုက်ပွဲဝင်လျက်ရှိသည် # 

    တပ်မတော် ကြည်း ရေ လေ ပူးပေါင်းကာ ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်နေသဖြင့် အကြမ်းဖက်သောင်းကျန်းသူများ အထိအခိုက်အကျအဆုံးအလွန်များပြားနေပြီး   အကြမ်းဖက်တိုက်ခိုက်သူများကို ဆက်လက်ချေမှုန်းသွားမည် ဖြစ်သည်။  #

    Credit-မြန်မာ့သတင်းထူးသတင်းဦးများ

    မှတ်ချက်- 2016 က သတင်းပါ

    No comments

    Post Top Ad

    Post Bottom Ad