သပိတ်စခန်းအား ဖယ်ရှားစဉ် ( အကိုက်ခံလိုက်ရတဲ့ )ရဲတပ်သား မထားထားဦး အား ပြည်သူများမှ စုပေါင်းပြီး ဂုဏ်ပြုငွေ ချီမြင့်နိုင်ရန် စီစဉ်ပေးကြပါရန်
၆..၈..၁၇
မန်းလေး ချမ်းမြသာစည်မြို့နယ် သာသနာ ၂၅၀၀ ဗိမ္မာန်တွင် ဖွင့်လှစ်ထား သော သပိတ် စခန်းအား ၅-၈-၁၇ ရက်နေ့ နံနက် ၀၂း၁၅ အချိန် ဖယ်ရှားစဉ် လူနှင့် သံဃာ ၁၃ဦး ကို ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ မှ ဖမ်းဆီးထိန်းသိမ်းစဉ် သပိတ်စခန်းအဖွဲ့ဝင် မိန်းမတစ်ဦးမှ သွားဖြင့် ကိုက်သဖြင့် လူကိုက်ခံဒဏ်ရာ၂ နေရာ ရရှိသွားသူမှာ အမှတ်(၁၀)ရဲစခန်းမှ ရဲတပ်သား မထားထားဦး ဖြစ်ကြောင်း သိရပါတယ်။
သပိတ်အဖွဲ့ဝင် မိန်းမအား အမျိုးသမီးတပ်ဖွဲ့ဝင် ၃ ဦး ရဲတပ်သား မထားထားဦး မှ ဖမ်းဆီးထိန်းသိမ်းစဉ် အသာတကြည်အဖမ်းမခံ ပဲ မထားထားဦး ၏ ညာလက်ဖျံအား ကိုက်ထားသဖြင့် ဖယ်ရှားစေ ရန်ကြိုးစားခြင်းဖြစ်ပါသည် အသာတကြည် အဖမ်းခံပါက လက်ဖျား နှင့်ပင်တို့ရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့တယ်လို ဆိုပါတယ်။
ထိုကြောင့် တိုင်းပြည်က ပေးအပ်တဲ့ တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရင် အကိုက်ခံ လိုက်ရတဲ့ ရဲတပ်ဖွဲ့ဝင် ညီမလေး ထားထားဦး ကို ပြည်သူတချို့မှ ဆေးကုသရန် နှင့် ဂုဏ်ပြုထောက်ပံ့ငွေ ချီးမြင့် ချင်ပါသော် ကြောင့် တစ်ယောက်ယောက်မှ ဦးဆောင်ပေးပြီး ထားထားဦး မှ ပြည်သူများ၏ ဂုဏ်ပြုချီးမြင့် ငွေ လက်ခံနိုင်အောင် စီစဉ်ပေးစေလိုကြောင်း အကူညီတောင်းခံအပ်ပါတယ် ခင်ဗျာ။
ဧပရယ်မောင်မောင်
No comments