Header Ads

  • Breaking News

    ရန်ကုန်မှာ မသမာသူ လူတစ်စုက ညအချိန် ချိုင့်ခွက်များအတွင်း သံချောင်းတွေ လိုက်ထည့်သွားသည့် ရုပ်သံ


    ဒါတွေက ညီမတို့လမ်းထဲက ချိုင့်ခွက်တွေထဲက ကောက်လာတဲ့ သံချောင်းတွေပါ ပထမတခေါက်ကောက်ထားတာကို liveလွှင့်ပီး ပြောခဲ့ပြီးနောက် သက်သေအပြည့်အစုံလိုချင်လို့ အဲ့နေရာကို နောက်၁ခေါက်ထပ်သွားခဲ့ပါတယ် ဒီသံချောင်းတွေကို ချိုင့်ခွက်တွေထဲကနေကောက်ရတာ ဒီတခါတည်းမဟုတ်ပါဘူး
    ရည်ရွယ်ချက်ရှိရှိကို သံချောင်းတွေလိုက်ထည့်ထားတဲ့အတွက် ညီမတို့လမ်းမှာ သွားလာနေတဲ့ ယာဉ်တွေအတွက် အသက်အန္တရာယ်ထိခိုက်ဆုံးမှာစိုးရိမ်မိပါတယ်။

    ညီမတို့လမ်းက မနက်ပိုင်းတွေ ကားအသွားအလာများတယ်ဆိုပေမယ့် ညဘက်ဆို လမ်းမီးတိုင်တွေမရှိပဲ အရမ်းမှောင်ပြီး လူပြတ်ပါတယ် ပြစ်မှုတွေ ဖြစ်လာမှာလဲ စိုးရိမ်ပါတယ် Videoမှာ သံချောင်းတွေ ချိုင့်ခွက်ထဲက သံချောင်းတွေဆယ်ပေးတဲ့ ဦးလေးကြီးရဲ့ ပြောပြချက်ရှိပါတယ် အဲ့အနီးနားကဆိုင်က လူတွေလဲ မျက်မြင်သက်သေတွေရှိပါတယ် တာဝန်ရှိသူများ ဒီလို ယုတ်မာတဲ့ ကိစ္စကို အမြန်ဆုံး ဖော်ထုတ်ဖြေရှင်းစေချင်ပါတယ်။

    စွယ်တော်ဘုရားကနေ မြောက်ဥက္ကလာကို ဖြတ်ထွက်တဲ့ ဒေါ်ဓမ္မံရံသီဘုရားကြီးရှိတဲ့လမ်းကို သွားလာတဲ့သူတွေ သတိထားစေချင်တယ် 
    သူငယ်ချင်းများ shareပေးကြပါ။
    Myanmar Post
    Source: Khin Su Su Zaw

    No comments

    Post Top Ad

    Post Bottom Ad