သပိတ်စခန်းဖယ်ရှားစဉ် လူကိုက်ဒဏ်ရာရ ရဲမေအား ဆေးကုသရန် ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်
မန္တလေး သြဂုတ် ၆
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မဟာမြတ်မုနိသာသနာ့ နယ်မြေ သာသနာ ၂၅၀၀ ဗိမာန်တွင်ဖွင့်လှစ်ထားသော သပိတ်စခန်းအား သြဂုတ်လ ၅ရက် နံနက် ၂း၁၅အချိန်ဖယ်ရှားစဉ် သပိတ်စခန်းမှအဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ရဲတပ်သား မထားထားဦး လက်အား ကိုက်သဖြင့် လက်တွင် လူကိုက်ဒဏ်ရာ ၂နေရာရရှိခဲ့သည်။
ရဲမေ မထားထားဦးမှာ မန္တလေးမြို့ အမှတ်(၁၀) ရဲစခန်းမှ ရဲတပ်သားဖြစ်ပြီး ဆေးဝါးကုသရန်နှင့် ဂုဏ်ပြုထောက်ပံ့ငွေအဖြစ် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ၅၀၀၀၀/ကျပ်၊ ခရိုင်ရဲတပ်ဖွဲ့မှူးမှ ၅၀၀၀၀ကျပ်နှင့် မြို့နယ်ရဲတပ် ဖွဲ့မှူးမှ ၃၀၀၀၀ိ စုစုပေါင်း ၁၃၀၀၀၀ိ ကျပ်အား ဦးစီးအရာရှိ (ပထမတန်း) ဒုရဲမှူးကြီး တင်ဇော်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူ တို့မှ ယနေ့ နေ့လည် ၁၂း၀၀ အချိန်အမှတ်(၁၀)ရဲစခန်းသို့ သွားရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
သပိတ်စခန်းပါဝင်သူများကို ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ဖမ်းဝရမ်းဖြင့် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး သပိတ်အဖွဲ့ဝင်အမျိုးသမီးအား ရဲမေ ၃ ဦးမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ၎င်းအမျိုးသမီးမှာ ပြန်လည်တိုက်ခိုက်သဖြင့် ရဲတပ်သား မထားထားဦး လက်၌ လူကိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Myanmar Post
No comments